
ဖို့ဝိန်းမြို့ပန်းခြံများ ကျယ်ပြန့်စွာစီမံေရး လူထုစစ်တမ်းေကာက်ယူမှု (၁) |
မိတ်ဆက်နိဒါန်း
ဖို့ဝိန်းမြို့တော် ပန်းခြံစနစ်များ ကျယ်ပြန့်စွာစီမံရေးအတွက် လူထုစစ်တမ်းမှ ကြိုဆိုပါသည်။ သင်၏ထင်မြင် ယူဆချက် များကို အချိန်ယူ ဖြေကြားပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။ ပန်းခြံစနစ်အတွက် လူမှုအသိုင်းအဝန်း၏ အမြင်ကို သင့်ထင်မြင်ချက် များက ကူညီပုံဖော်စေ၍ နောင်အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုများ၊ အစီအစဥ်များနှင့် ပြုပြင်ထိန်းသိမ်း မှုများ လုပ်ဆောင်သည့်အခါ ၎င်းတို့ကို နည်းဗျူဟာများတွင် ထည့်သွင်းစဥ်းစားပါမည်။ ဤအစီအစဥ်သည် လူမှု ဝန်းကျင်၏ တန်ဖိုးများ၊ လိုအပ်ချက်များနှင့် အခွင့်အလမ်းများကို ထင်ဟပ်ကြောင်း သေချာစေရန် သင်၏ ဖြေကြားမှုသည် အရေးကြီးပါသည်။
စစ်တမ်းတွင် ဖို့ဝိန်းမြို့၏ပန်းခြံစနစ်အစီအစဥ်အတွက် မျှော်မှန်းချက်၊ ဦးစားပေးမှုများနှင့် လူမှုစစ်တမ်းတို့နှင့် သက်ဆိုင်သည့် မေးခွန်းများ ပါဝင်သည်။ မေးခွန်းအားလုံးသည် မဖြေမနေရမဟုတ်ဘဲ ဖြေဆိုသူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုလည်း မသိရှိနိုင်ပါ။
ဤစစ်တမ်းကို အပြီးသတ်ရန် ခန့်မှန်းခြေ ၁၅ မိနစ်ခန့် ကြာပါမည်။ သင်သိလိုသည်များရှိပါက ကျေးဇူးပြု၍
scott@empowerresults.com သို့ အီးမေးလ်ပို့မေးမြန်းနိုင်ပါသည်။