ဆက်သွယ်ရန်: dewimeisari@ukmindonesia.id / primadesita@gmail.com

သင်သည် အာဆီယံဒေသအတွင်းရှိ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း တစ်ခုခု လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်ပါသလား။ အာဆီယံဒေသအတွင်းရှိ စက်ဝိုင်းပုံသဏ္ဍာန် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ သင်၏ ထင်မြင် ယူဆချက်များကို မျှဝေပြီး ၎င်းစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်စေဖို့ ကျွန်ုပ် တို့ကို ကူညီပေးစေလိုပါသည်။

ရေရှည်တည်တံ့သော စီးပွားရေးဆိုင်ရာ အလေ့အကျင့်များသည် သဘာဝပတ်ဝန်းကျင်အရသော်လည်းကောင်း၊ စီးပွားရေးဆိုင်ရာအရသော်လည်းကောင်း မရှိမဖြစ် အရေးပါသည့် အရာများဖြစ်ပါသည်။ ဈေးကွက်အသစ်များ၌ စီးပွားရေးအခွင့်အလမ်းတစ်ရပ် ရှာဖွေရာ၌ဖြစ်စေ၊ နိုင်ငံတကာ တန်ဖိုးကွင်းဆက်များနှင့် ချိတ်ဆက်ရာ၌ဖြစ်စေ၊ အာဆီယံဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများနည်းတူ စက်ဝိုင်းပုံသဏ္ဍာန် စီးပွားရေးပုံစံများမှာ အရေးပါလာပါသည်။

သို့ရာတွင် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် မည်သည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်း များ ကြုံတွေ့နေရသနည်း။ ၎င်းစီးပွားရေးလုပ်ငန်းများအနေဖြင့် စက်ဝိုင်းပုံသဏ္ဍာန်စီးပွားရေးလုပ်ငန်းများ၌ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်နေပြီလား။ ၎င်းတို့၏ လိုအပ်ချက်များ ပြည့်မီစေရေးအတွက် မည်သို့ ဆောင်ရွက် နိုင်ပါသနည်း။

စက်ဝိုင်းပုံသဏ္ဍာန်စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ၏ တတ်သိနားလည်မှု၊ စိတ်နေသဘောထားနှင့် အလေ့အကျင့်များအပေါ် ပိုမိုနားလည် သဘောပေါက်စေရန်အတွက် ဤစစ်တမ်းအား ကောက်ယူခြင်းဖြစ်ပါသည်။

(၁၀)မိနစ်ခန့် အချိန်ပေး၍ သင်၏ထင်မြင်ယူဆချက်များကို မျှဝေပြီး သင်၏လက်ရှိစီးပွားရေးအလေ့အကျင့်များအပေါ် သင်ကိုယ်တိုင် အကဲဖြတ်ပေးစေလိုပါသည်။

ဖြေဆိုသူများနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြမည်မဟုတ်ဘဲ အာဆီယံဒေသတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှဆောင်ရွက်သည့် စက်ဝိုင်းပုံသဏ္ဍာန်စီးပွားရေးလုပ်ငန်းများအပေါ် အားပေးမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်သော မူဝါဒပိုင်းဆိုင်ရာ ထောက်ခံချက်များ ပြုစုရေးသားရာ၌ အသုံးပြုသွား မည် ဖြစ်ပါသည်။ ဤစစ်တမ်းမှတဆင့် ကောက်ယူသည့် သတင်းအချက်အလက်များအား လျို့ဝှက်အနေဖြင့်သာ အသုံးပြု သွားမည်ဖြစ်ပြီး မည်သည့်တတိယအဖွဲ့အစည်းကိုမျှ မျှဝေသွားမည် မဟုတ်ပါ။

သင်၏ ပူးပေါင်းပါဝင်ပေးမှုအတွက် ကျေးဇူးအထူး တင်ရှိပါသည်။ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော အာဆီယံစီးပွားရေးအသိုက်အဝန်းတစ်ခု ဖြစ်လာစေရေးအတွက် အတူတကွ ဖော်ဆောင်ကြပါစို့။
0 of 34 answered
 

T