• English
  • Español
  • Русский
  • မြန်မာ
ဒုက္ခသည်အကြံပေးရေးကောင်စီတွင် ပါဝင်ရန် စိတ်ဝင်စားသူများသည် လျှောက်လွှာတင်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အောက်ပါ စစ်တမ်းကို ဖြေဆိုရပါမည်။ ပါဝင်မည့်သူကို ရွေးချယ်ရာတွင် အသုံးပြုနိုင်ရန် အောက်ပါ စစ်တမ်းကို ဒုက္ခသည် အကြံပေးရေးကောင်စီသို့ အကြောင်းကြားပါမည်။ စစ်တမ်းတုံ့ပြန်မှုများကို လျှို့ဝှက်ထားရှိမည်ဖြစ်ပြီး CORE ဝန်ထမ်းကသာလျှင် ဤစစ်တမ်းပါ အချက်အလက်များကို ကြည့်ရှုနိုင်မည်။

CORE အကြောင်း
ယဉ်ကျေးမှု မိတ်ဆက်ခြင်းဆိုင်ရာ အရင်းအမြစ် ဖလှယ်ခြင်း (CORE) သည် ကမ္ဘာအရပ်ရပ်ရှိ ဒုက္ခသည် ပြန်လည်အခြေချနေထိုင်ရေး ဝန်ထမ်းများအား ယဉ်ကျေးမှု မိတ်ဆက်ခြင်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ချိတ်ဆက် ပံ့ပိုးပေးနေသည့် နည်းပညာဆိုင်ရာ အထောက်အကူ အစီအစဉ် ဖြစ်ပါသည်။ CORE သည် ပြန်လည် အခြေချနေထိုင်ရေး အထောက်အကူပြုစင်တာများ (RSCs) နှင့် ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီ (RA) တို့နှင့် ပူးပေါင်းလုပ်ကိုင်ပြီး အမေရိကန် ပြည်ထောင်စုသို့ မထွက်ခွာမီနှင့် ရောက်ရှိပြီး နောက်ပိုင်း ဒုက္ခသည်များ ရရှိသည့် ယဉ်ကျေးမှု မိတ်ဆက်ခြင်းကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက် ပါသည်။ CORE ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူဦးရေ၊ ဒုက္ခသည်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနက ငွေကြေးထောက်ပံ့သည်။ CORE အကြောင်း ပိုမိုသိရှိရန် CO အရင်းအမြစ် ဖလှယ်ခြင်း ဝဘ်စာမျက်နှာ သို့ဝင်ကြည့်ပါ။

ဒုက္ခသည် အကြံပေးရေးကောင်စီ အကြောင်း
CORE သည် လက်ရှိတွင် CORE ၏ ဒုက္ခသည် အကြံပေးရေးကောင်စီ (RAC) အတွက် ပါဝင်မည့်သူများကို စုဆောင်းနေပါသည်။ ဒုက္ခသည် အကြံပေးရေးကောင်စီ (RAC) သည် ယခင် ဒုက္ခသည်များ၏ ယဉ်ကျေးမှု မိတ်ဆက်ခြင်းနှင့် အမေရိကန် ပြည်ထောင်စုတွင် ကနဦး ပြန်လည် အခြေချနေထိုင်ခြင်း အတွေ့အကြုံများကို နားထောင်နိုင်သည့် တရားဝင်စီစဉ်ထားသောနေရာ တစ်ခုဖြစ်သည်။ RAC တွင် ပါဝင်သူများက USRAP မှတစ်ဆင့် အနာဂတ်တွင် ပြန်လည်အခြေချ နေထိုင်မည့်သူများ အတွက် ယဉ်ကျေးမှု မိတ်ဆက်ခြင်း ပိုမိုကောင်းမွန်လာစေရန် ကူညီပံ့ပိုး ပေးပါလိမ့်မည်။ ဤနေရာသည် CORE ၏ အရင်းအမြစ်များနှင့် လုပ်ဆောင်ချက်များ အကြောင်း သတ်သတ်မှတ်မှတ် အကြံပြုချက်များပေးရန် တရားဝင် နေရာတစ်ခုဖြစ်ကြောင်း သတိပြုစေလို ပါသည်။ သီးခြား ဝန်ဆောင်မှုလိုအပ်ချက်များအတွက် ဒေသခံ ပြန်လည်အခြေချနေထိုင်ရေး အေဂျင်စီကို ဆက်သွယ်ရပါဦးမည်။

RAC တွင် မတူကွဲပြားသော ဒုက္ခသည်အုပ်စု နှင့်/ သို့မဟုတ် အမေရိကန် ပြည်ထောင်စုတွင် ပြီးခဲ့သည့် ၆-၂၄ လ နေထိုင်ပြီးသူ SIV လျှောက်ထားသူများ ပါဝင်သည်။ RAC အကြောင်း ပိုမိုသိရှိရန် မကြာခဏ မေးလေ့ရှိသော မေးခွန်းများကို ကြည့်ပါ။

လျှောက်လွှာပါ စစ်တမ်းအပိုင်းသို့ ရှေ့ဆက်ရန် အတွက် “အိုကေ” ကို နှိပ်ပြီး အောက်တွင် ပါရှိသည့် မေးခွန်းများကို ဖြေပါ။ စစ်တမ်းအဆုံးတွင် သင်၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းကို ပူးတွဲပါ။ စစ်တမ်းနှင့် သင်၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းကို ပေးပို့ပြီးလျှင် သင်၏ လျှောက်လွှာတင်ခြင်း ဖြစ်စဉ် ပြီးဆုံးပါပြီ။.

Question Title

* 1. ကျေးဇူးပြု၍ သင်၏ဆက်သွယ်ရန်အချက်အလက်ကိုထည့်ပါ။

Question Title

* 2. ၁။ သင်သည် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်အခြေချနေထိုင်သည့် ဒုက္ခသည် သို့မဟုတ် SIV ကိုင်ဆောင်ထားသူ ဟုတ်ပါသလား။

Question Title

* 3. ၂။ အမေရိကန် ပြည်ထောင်စုတွင် ရောက်ရှိနေသည့် ကာလ ဘယ်လောက်ရှိပြီလဲ။

Question Title

* 4. ၃။ သင်၏ မူရင်းနိုင်ငံက ဘယ်နိုင်ငံလဲ။

Question Title

* 5. ၄။ မည်သည့် ဘာသာစကား သို့မဟုတ် ဘာသာစကားများကို သင် ပြောနိုင်၊ နားလည်နိုင်သလဲ။ (သက်ဆိုင်သည့် အရာ အားလုံးကို ရွေးပါ)

Question Title

* 6. ၅။ ဆက်သွယ်ရာတွင် အသုံးပြုလိုသည့် ဘာသာစကားကို ဖော်ပြပါ။ (သက်ဆိုင်သည်များအားလုံးကို ရွေးပါ)

Question Title

* 7. ၆။ သင့်အသက် ဘယ်လောက်ရှိပြီလဲ။

Question Title

* 8. ၇။ သင်၏ လိင်သတ်မှတ်ချက်ကို ဖော်ပြပါ။

Question Title

* 9. ၈။ သင်သည် လိင်ပြောင်းလဲသူအဖြစ် သတ်မှတ်ပါသလား။ (သင်၏ လိင်ဖော်ပြချက်သည် သင်မွေးဖွားစဉ်က သတ်မှတ်သည့် လိင်နှင့် ကွဲပြားသည်ဟု ဆိုလိုပါသလား။)

Question Title

* 10. ၉။ သင်သည် မသန်စွမ်းသူအဖြစ် သတ်မှတ် ပါသလား သို့မဟုတ် သွားလာ လုပ်ကိုင်ရာတွင် လိုအပ်ချက်ရှိသူ တစ်ဦး အဖြစ် သတ်မှတ်ပါသလား။

Question Title

* 11. ၁။ သင်သည် ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်း သုံးနိုင်ပါသလား။

Question Title

* 12. ၂။ စမတ်ဖုန်း သို့မဟုတ် ကွန်ပျူတာ အမျိုးအစားကို ဖော်ပြပါ။

Question Title

* 13. ၃။ အောက်ပါလုပ်ဆောင်ချက်များထဲမှာ တစ်ခုခုကို ပြီးခဲ့သည့် ရက်ပေါင်း ၆၀ အတွင်း သင့်ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းပေါ်တွင် လုပ်ဆောင်ခဲ့ သို့မဟုတ် လုပ်ဆောင်ရန် ကြိုးပန်းခဲ့ သလား။ (သက်ဆိုင်သည်များ အားလုံးကို ရွေးပါ)

Question Title

* 14. ၄။ သင်၏ ကိုယ်ပိုင်ကွန်ပျူတာ နှင့်/ သို့မဟုတ် စမတ်ဖုန်းအား လစဉ် အစည်းအဝေးသို့ တက်ရောက်ရန် သို့မဟုတ် အခြား အွန်လိုင်း အစီအစဉ်များတွင် တက်ရောက်ရန် အတွက် အသုံးပြုလိုပါသလား။

Question Title

* 15. သင်၏လျှောက်လွှာမတင်မီသင်၏ကိုယ်ရေးရာဇဝင်ကိုပူးတွဲပါ။

PDF, DOC, DOCX, PNG, JPG, JPEG, GIF file types only.
Choose File
0 of 15 answered
 

T