မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး နှင့် One Minute Academy (တစ်မိနစ်အကယ်ဒမီ) တို့မှ ပူးပေါင်းတင်ဆက်သည့် ၅ ရက်တာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ သင်တန်းသည် စိတ်ပါဝင်စားသူ သတင်းထောက်များ၊ တက်ကြွလှူပ်ရှားသူများ၊ဒေသတွင်း ခေါင်းဆောင်များ နှင့် စွန့်ဦးတီထွင်သူတို့အား စိတ်ဝင်စားဖွယ် နှင့် သတင်းအချက်အလက်ပေးစွမ်းနိုင်မည့် ဗီဒီယို ဇာတ်ကားအတိုများဖြင့် ၄င်းတို့၏ ဇာတ်လမ်းအဖြစ်အပျက်များ တင်ပြနိုင်မည့် စွမ်းရည်ကို သင်တန်းပေးလေ့ကျင့်ပေးသွားမှာ ဖြစ်ပါသည်။
သင်တန်းတက်ရောက်သူများအနေဖြင့် One Minute Academy (တစ်မိနစ်အကယ်ဒမီ) ၏ မြန်မာပြည်တပြည်လုံးမှ မီဒီယာသင်ကြားရေးနည်းပြများ နှင့် ကျွမ်းကျင်ပညာရှင်များဆီမှ လေ့လာသင်ကြားခွင့် ရမည် ဖြစ်ပါသည်။ သင်တန်းပြီးဆုံးသည့်အခါ သင်တန်းသားများသည် One Minute Academy (တစ်မိနစ် အကယ်ဒမီ) ၏ ကျွမ်းကျင်မူ လက်မှတ်ကို ရရှိပါမည်။
အလုပ်ရုံဆွေးနွေးပွဲသင်တန်းမှ အဓိကအားဖြင့် အောက်ပါအကြောင်းအရာများကို လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါသည်။
စာတွေ့သီအိုရီ။ ပရိသတ်ထံမှ စိတ်ဝင်စားမူရရှိရန် ဓါတ်ပုံများနှင့် ဗီဒီယို တို့ကို မည်ကဲ့သို့ အသုံးပြုနိုင်သနည်း။
ထုတ်လုပ်မူ အကြို။ တစ်မိနစ်စာ ဗီဒီယို ရိုက်ကူးထုတ်လုပ်ရန် မည်ကဲ့သို့ အစီအစဉ်ချမှတ် ပြင်ဆင်သင့်သနည်း။
ထုတ်လုပ်ရေး ။ စမတ်ဖုန်း သို့မဟုတ် ကင်မရာ ကို ကျွမ်းကျင်သူပညာရှင် တစ်ယောက်ကဲ့သို့ မည်ကဲ့သို့ အသုံးပြုနိုင်သနည်း။
ထုတ်လုပ်ရေး နောက်ပိုင်း။ မီဒီယာဖိုင်များ နှင့် ဗီဒီဒို တည်းဖြတ် ပြုလုပ်ခြင်း ကို ကျွမ်းကျင်ဆော့ဖ််ဝဲလ်များပေါ်တွင် တစ်ရက်အတွင်း မည်သို့စုစည်း ပြုလုပ်မည်နည်း။
သင်တန်းဆရာများကို လေ့ကျင့်သင်ကြားပေရေး။ သင်တန်းပြီးဆုံးပြီးနောက် အခြားသူများကို ဗီဒီယိုပြုလုပ်ပုံ နည်းလမ်းများ မည်ကဲ့သို့ သင်ကြားပေးမည်နည်း။
ရက်စွဲ နှင့် အချိန်
နိုဝင်ဘာ ၃၀ မှဒီဇင်ဘာ ၄ အထိ (နေ့လည်)
ဤအလုပ်ရုံ ဆွေးနွေးပွဲကို သင်တန်းသားဦးရေ ၄ဝဦး အထိ အများဆုံးလက်ခံပေးမည်ဖြစ်ပြီး အုပ်စု နှစ်ခု ခွဲထားပါမည်။ ပါဝင်တက်ရောက်မည့် သင်တန်းသားများကို ဤစစ်တမ်းမေးခွန်းများဖြေကြားမူအပေါ် မူတည်၍ ရွေးချယ်သွားပါမည်။ ပိုမိုတိကျအသေးစိတ်ဖြေဆိုမူများသည် ပို၍ယှဉ်ပြိုင်မူအားကောင်းပါမည်။ သင့်မိတ်ဆွေများမှ ပါဝင်တက်ရောက်ရန် စိတ်ဝင်စားမည့်သူများရှိလျင် ဤစစ်တမ်း ဖြေဆိုနိုင်မည့် လင့်ခ်ကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။
လျှောက်ထားရန်ပြည့်မှီရမည့် အရည်အချင်းများ
အလုပ်ရုံဆွေးနွေးပွဲသင်တန်းသည် မြန်မာပြည်အနှံ့အပြားမှ ပြည်သူလူထုတို့၏ စစ်မှန်၍တန်ဖိုးရှိသော အကြောင်းအရာ ဇာတ်လမ်းအဖြစ်အပျက်များ ကို တင်ဆက်ပြောဆိုလိုသည့် သတင်းထောက်များ၊ တက်ကြွလှူပ်ရှားသူများ၊ သတင်းမီဒီယာကျွမ်းကျင်ပညာရှင်များ၊ ဒေသတွင်းမှခေါင်းဆောင်များ နှင့် အခြားစိတ်ပါဝင်စားသူများကို ပါဝင်ရန် ကြိုဆိုပါသည်။
သင်တန်းသားများအနေဖြင့် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲသင်တန်း ၅ ရက်တာစလုံး အပြည့်အဝ တက်ရောက်ပါဝင် ရပါမည်။ (တစ်ရက်လျင် ၂နာရီမှ ၃ နာရီ)
သင်တန်းသားများသည် နောက်ဆုံးပေါ်ဖြစ်သည့်စနစ်များပါသည့် လက်ပ်တော့ကွန်ပြုတာ၊ စမတ်ဖုန်း သို့မဟုတ် ဘတ်ထရီအားပြည့်ပါသည့် ကင်မရာ၊ အားသွင်းစက် နှင့် ကွန်ပြုတာနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ကေဘယ်လ်ကြိုး၊ နားကြပ်တို့ ရှိရပါမည်။